ခါးတအားနာပြီး အိပ်ရာထဲပဲ လှဲနေရတဲ့ အန်ကယ့်ကိုကုသဖို့ မိသားစုက စုံစမ်းလာခဲ့တာပါ
(၁)နှစ်ကျော်လောက် ခါးနာလိုက် သက်သာလိုက် ဖြစ်နေခဲ့တဲ့ အန်ကယ်ဟာ အဲ့ချိန်မှာ ခါးဆိုးဆိုးရွားရွားနာနေခဲ့တာပါ။
ခန္ဓာကိုယ်အနေအထား အလှည့်အပြောင်းလုပ်ဖို့ အဆင်မပြေ – လှုပ်ရှားဖို့ကြိုးစားတိုင်း နာလို့ ကုတင်မှာပဲ ငြိမ်ငြိမ်လေးနေရပါတယ်။
ကြာကြာမထိုင်နိုင် ကြာကြာမရပ်နိုင်ခဲ့ဘူး။
MRI အဖြေမှာ “ခါးရိုးဆစ် အာရုံကြောမကြီးတွင် အရည်အိတ်တည်ခြင်း”လို့ သိရတာကြောင့် မိသားစုက အခြေအနေပိုဆိုးသွားမှာ စိုးရိမ်တာနဲ့ ဘန်ကောက်မှာ သွားကုဖို့ဆုံးဖြတ်ခဲ့ပါတယ်။
Spine အထူးကုဆရာဝန်ကြီးများမှ –
“ခါးရိုးဆစ်ခေါင်မိုးကို ဖြတ်ထုတ်၍ အရည်အိတ်ဖယ်ခြင်းနည်း”ဖြင့် ခွဲစိတ်ကုသရန် အကြံပြုခဲ့ကြပါတယ်။
ကုသမှုအစီအစဥ် သိရပြီးတာနဲ့ အချိန်မဆိုင်းဘဲ မိသားစုနဲ့အတူ ဘန်ကောက်ကိုသွားပြီး၊
𝐒𝐩𝐢𝐧𝐞 အထူးကု ပါမောက္ခဆရာဝန်ကြီး 𝐏𝐫𝐨𝐟.𝐃𝐫.𝐖𝐢𝐜𝐡𝐚𝐫𝐧 , 𝐃𝐫.𝐀𝐫𝐭𝐡𝐢𝐭 တို့ ဦးဆောင်သော အဖွဲ့ဖြင့် ခါးရိုးဆစ်ခွဲစိတ်မှုခံယူခဲ့ပါတယ်။
သွားတုန်းကနဲ့မတူ – ခွဲစိတ်ပြီးအိမ်ပြန်ခရီးမှာတော့ လမ်းကောင်းကောင်းလျှောက် ပြန်လာနိုင်ခဲ့ပါပြီ
ခွဲစိတ်ပြီးနောက် တိုးတက်လာတဲ့အခြေအနေကို မိသားစုနှင့်အတူ မြင်ကြားသိရလို့ တကယ်ကိုဝမ်းသာပီတိဖြစ်ရပါတယ်။
အန်ကယ့်ရဲ့ ကုသမှု ခရီးစဥ်တလျှောက် အကောင်းဆုံး ကူညီဆောင်ရွက်ပေးနိုင်ခဲ့လို့လည်း 𝐁𝐍𝐇 ဆေးရုံနှင့် မြန်မာပြည်ကိုယ်စားလှယ်ရုံးအဖွဲ့ မှ အတိုင်းထက်အလွန် ဝမ်းသာရပါတယ်
အတွေ့အကြုံနဲပုံလေးတွေမျှဝေခွင့်ပေးတဲ့အန်ကယ်ဦးဇော်ခွန်း နှင့် မိသားစုအား အထူးပင်ကျေးဇူးတင်ရှိပါတယ်
” 𝐁𝐍𝐇ဆေးရုံမြန်မာပြည်ကိုယ်စားလှယ်ရုံး “
{ ဆေးရုံတိုက်ရိုက်ရုံး }
ရန်ကုန်ရုံး – အမှတ် ၂၁၀ ၊ ခ-၇ လမ်း၊ မြို့သစ်၊အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
𝐏𝐡 : 𝟎𝟗-𝟗𝟒𝟎𝟎𝟒-𝟕𝟕𝟖𝟖, 𝟎𝟗-𝟗𝟓𝟓-𝟒𝟓𝟎-𝟓𝟗𝟎
မန္တလေးရုံး – တိုက် 𝐀-𝟒၊ 𝟔𝟕𝐱𝟒𝟐 လမ်းထောင့် ၊ မဟာအောင်မြေမြို့နယ် ၊ မန္တလေးမြို့။
𝐏𝐡 – 𝟎𝟗-𝟗𝟒𝟎𝟎𝟒-𝟕𝟕𝟖𝟕, 𝟎𝟗-𝟕𝟗-𝟕𝟕𝟕𝟎-𝟐𝟖𝟏
ဆေးရုံလိပ်စာ
𝐁𝐍𝐇 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥
𝟗/𝟏𝟏, 𝐂𝐨𝐧𝐯𝐞𝐧𝐭 𝐑𝐨𝐚𝐝, 𝐒𝐢𝐥𝐨𝐦, 𝐁𝐚𝐧𝐠𝐤𝐨𝐤 𝟏𝟎𝟓𝟎𝟎.