ကျွန်တော်/ ကျွန်မတို့ရဲ့ BNH ဆေးရုံကြီးဟာ ထိုင်းလူမျိုးများအပါအဝင် အခြားသောနိုင်ငံခြားသားများအား နှစ်ပေါင်း(၁၀၀)ကျော်ရှိတဲ့ဆေးကုသမှုအတွေ့အကြုံတွေနဲ့ကုသပေးလျက်ရှိနေတဲ့ထိုင်းနိုင်ငံရဲ့ပထမဦးဆုံး ပုဂ္ဂလိကနိုင်ငံတကာဆေးရုံကြီးဖြစ်ပါတယ်။ ထိုကဲ့သို့ ကုသစောင့်ရှောက်ပေးနေသည်မှာလည်း ယခုဆိုလျှင် ရာစုနှစ်ကျော် သာလွန်ခဲ့ပြီးဖြစ်ပါတယ်။
“နှစ်ပေါင်း ၁၂၇ နှစ်ကျော်ကာ ထိုင်းနိုင်ငံသားများနှင့်နိုင်ငံခြားသားများအား ကုသစောင့်ရှောက်ပေးခဲ့သည့် အတွေ့အကြုံ”
BNH ဆိုသည်မှာ...
“ကျွန်တော်/ ကျွန်မတို့ရဲ့ BNHဆေးရုံကြီးဟာကုသမှုနဲ့ပတ်သက်သည့် စိန်ခေါ်မှုများအား ကျော်လွှားနိုင်ခဲ့သည့် ၎င်း၏ထူးချွန်မှုကို နှစ်ပေါင်း (၁၀၀) ကျော်ကြာ ပြည်ပနိုင်ငံသားများအတွက်ကုသမှုပေးခြင်းများအားဖြင့် သက်သေပြခဲ့ပြီးဖြစ်ပါသည်။အရည်အသွေးမြင့်မားတဲ့စောင့်ရှောက်မှုတွေအပေါ်လေးစားမှုနဲ့ကြာရှည်စွာထားရှိတဲ့ယုံကြည်မှုတွေကြောင့်BNHဆေးရုံကြီးဟာယခုထက်ထိတိုင်ရပ်တည်နေနိုင်တယ်ဆိုလည်း မမှားပါဘူး”
“ဆီးကျိတ်ကြီး BPH /ဆီးကျိတ်ကင်ဆာ/ ဆီးလမ်းကြောင်းကျောက်တည်ခြင်း”များအတွက်
“ဆီးကျိတ်ကြီး BPH /ဆီးကျိတ်ကင်ဆာ/ ဆီးလမ်းကြောင်းကျောက်တည်ခြင်း”များအတွက် “ဆီးကျိတ်ကြီး BPH /ဆီးကျိတ်ကင်ဆာ/ ဆီးလမ်းကြောင်းကျောက်တည်ခြင်း”များအတွက်BNH Hospital ၏ဆီးလမ်းကြောင်းအထူးကုဆရာဝန်ကြီးမှVideo call ဖြင့် “အခမဲ့” ဆွေးနွေးပေးနေပါပြီဆွေးနွေးမှုမတိုင်မီ- ၆လအတွင်း PSA နှင့် ဆီးကျိတ်အာထရာဆောင်းအဖြေ ( အဖြူအမည်းပုံရိပ်အပါအဝင်)-
ထိုင်းနိုင်ငံ 𝐁𝐍𝐇 ဆေးရုံကြီး၏ “နာကျင်မှုမရှိသော စက်ရုပ်အသုံးပြု ဒူးအစားထိုးခွဲစိတ်မှု” ဟောပြောပွဲ” ပုံရိပ်များ (မတ်လ ၀၇၊ ၂၀၂၆) ဟောပြောပွဲတွင်
ထိုင်းနိုင်ငံ 𝐁𝐍𝐇 ဆေးရုံကြီး၏ “နာကျင်မှုမရှိသော စက်ရုပ်အသုံးပြု ဒူးအစားထိုးခွဲစိတ်မှု”ဟောပြောပွဲ” ပုံရိပ်များ (မတ်လ ၀၇၊ ၂၀၂၆) ဟောပြောပွဲတွင် ဟောပြောပွဲတွင်• ပွဲတက်ရောက်လာသူများအား မေတ္တာလက်ဆောင်ပေးခြင်း• ထိုင်း အရိုးခွဲစိတ်အထူးကုဆရာဝန်ကြီး𝐃𝐫. 𝐖𝐨𝐫𝐚𝐩𝐨𝐣 𝐇𝐨𝐧𝐠𝐥𝐞𝐫𝐬𝐩𝐢𝐩𝐨𝐩 မှနာကျင်မှုမရှိသော ဒူးအစားထိုးခွဲစိတ်ခြင်းစက်ရုပ်အသုံးပြု
လည်ပင်းကျီးပေါင်းကြောင့် နှစ်နဲ့ချီပြီးလမ်းလျှောက်ရအဆင်မပြေ၊
လည်ပင်းကျီးပေါင်းကြောင့် နှစ်နဲ့ချီပြီးလမ်းလျှောက်ရအဆင်မပြေ၊ဂုတ်ပိုးနဲ့ပုခုံးတွေကတောင့်တင်းတယ်နာတယ်၊ လက်တွေကထုံတယ်ကျင်တယ် ….ဒါပေမယ့်လည်း ခွဲရမှာကြောက်လို့ တတ်နိုင်သလောက် မခွဲသေးဘဲ စောင့်ကြည့်နေရာက ….. 𝐛𝐚𝐥𝐚𝐧𝐜𝐞 (ခန္ဓာကိုယ်မျှချေ)မထိန်းနိုင်ဘဲ ချော်လဲတာတွေဖြစ်လာတယ်၊ဂုတ်ပိုးနဲ့ပုခုံး ပိုနာလာတဲ့အပြင် ကျောတွေ ခါးတွေပါ စနာလာတယ်။ခွဲစိတ်ကုသမှုခံယူမှဖြစ်တော့မယ်လို့ ဆုံးဖြတ်လိုက်ပြီး၊ နောက်တစ်ဆင့်အနေနဲ့မိသားစုအမျိုးတွေစုံစုံလင်လင်ရှိတဲ့ ရန်ကုန်မှာပဲခွဲမလား? ဘန်ကောက်မှာ
ကင်ဆာ (၁၀) မျိုးကို သွေးစစ်ရုံနဲ့ သိနိုင်မယ့် 𝐒𝐏𝐎𝐓-𝐌𝐀𝐒 နည်းပညာသစ်
ကင်ဆာ (၁၀) မျိုးကို သွေးစစ်ရုံနဲ့ သိနိုင်မယ့် 𝐒𝐏𝐎𝐓-𝐌𝐀𝐒 နည်းပညာသစ် 𝐜𝐭𝐃𝐍𝐀 နည်းပညာကို အသုံးပြုပြီး “ကင်ဆာဆဲလ်တွေကနေ -> သွေးထဲကို ထုတ်လွှတ်လိုက်တဲ့ 𝐃𝐍𝐀 အပိုင်းအစ”တွေကို စစ်ဆေးတာဖြစ်ပါတယ်။“ရောဂါလက္ခဏာ မပြခင် ကြိုတင်သိနိုင်”တဲ့အကြိုစစ်ဆေးမှု (𝐬𝐜𝐫𝐞𝐞𝐧𝐢𝐧𝐠 𝐭𝐨𝐨𝐥)ဖြစ်ပါတယ်။{စစ်ဆေးမှု
ခါးတအားနာပြီး အိပ်ရာထဲပဲ လှဲနေရတဲ့ အန်ကယ့်ကိုကုသဖို့ မိသားစုက စုံစမ်းလာခဲ့တာပါ
ခါးတအားနာပြီး အိပ်ရာထဲပဲ လှဲနေရတဲ့ အန်ကယ့်ကိုကုသဖို့ မိသားစုက စုံစမ်းလာခဲ့တာပါ (၁)နှစ်ကျော်လောက် ခါးနာလိုက် သက်သာလိုက် ဖြစ်နေခဲ့တဲ့ အန်ကယ်ဟာ အဲ့ချိန်မှာ ခါးဆိုးဆိုးရွားရွားနာနေခဲ့တာပါ။ ခန္ဓာကိုယ်အနေအထား အလှည့်အပြောင်းလုပ်ဖို့ အဆင်မပြေ - လှုပ်ရှားဖို့ကြိုးစားတိုင်း နာလို့ ကုတင်မှာပဲ
“BNH ကိုဘာလို့ယုံကြည်သင့်တာလဲ”
“ကျွန်တော်/ကျွန်မတို့ရဲ့ BNH ဆေးရုံကြီးဟာဆေးဘက်ဆိုင်ရာအထူးပြုနယ်ပယ်အသီးသီးမှ အထူးကုဆရာဝန်များ၊အဆင့်မြင့်နည်းပညာများနှင့်သူမတူထူးခြားသောရင့်ကျက်သောအတွေ့အကြုံ အစရှိတဲ့အကောင်းဆုံးသောလူ၊စက်ကိရိယာပစ္စည်းများအရင်းအမြစ်အားလုံးဖြင့်အရည်အသွေးမြင့်မားသော စောင့်ရှောက်မှုကို ပေးစွမ်းနိုင်ရန် စနစ်တကျစီမံဆောင်ရွက်နေလျက်ရှိပါသည်။
အထူးကုဆရာဝန်များ
ကျွန်တော်/ ကျွန်မတို့ရဲ့ BNHဆေးရုံကြီး မှအထူးကုဆရာဝန်များဟာ များပြားလှသောကျန်းမာရေးစိန်ခေါ်မှုအသစ်များကိုကျွမ်းကျင်ပိုင်ဆိုင်စွာရင်ဆိုင်ဖြေရှင်းနိုင်ရန်အသင့်ရှိနေပါတယ်။အမြဲတမ်းနည်းစနစ်ကျတဲ့ကျွမ်းကျင်မှုများနဲ့လူနာနှင့်လူနာရှင်များရဲ့စိုးရိမ်ပူပန်မှုများကို အမြဲဖြေရှင်းပေးလျက်ရှိပါတယ်။
အဆင့်မြင်နည်းပညာနှင့်ဆန်းသစ်တီထွင်မှု
ရောဂါရှာဖွေခြင်းဖြစ်စေ ကုသခြင်းဖြစ်စေ အကောင်းဆုံးသောရလဒ်များအတွက် တိကျမှန်ကုန်မှုရှိရန်မှာ အလိုအပ်ဆုံးဖြစ်သည့်အတွက် ကျွန်တော်/ ကျွန်မတို့ရဲ့ BNH ဆေးရုံကြီးတွင် ခေတ်မှီတိုးထက်သောနည်းပညာများနှင့် ကုသမှုတို့ပေါင်းစပ်ကာ ဖြစ်နိုင်ခြေရှိသောကုကမှုရလဒ်မှုများကိုရရှိစေပြီးရောဂါပြဿနာများကိုဖြေရှင်းရာတွင်တိကျမှန်ကန်စွာ ကုသနိုင်ရန် လမ်းညွှန်ေပးလျက်ရှိပါသည်။
အတွေ့အကြုံရင့်ကျက်မှု
အတွေ့အကြုံကြာမြင့်လေလေ ပိုမိုကျွမ်းကျင်လာလေဟု ယုံကြည်ထားကြသည့် အတွက် ကုသမှုပေါင်းများစွာ၏အတွေ့အကြုံများနှင့်အတူ စိန်ခေါ်မှုများကိုပါ ခက်ခဲစွာကျော်လွှားနိုင်ရန် အမြဲတမ်းသစ်လွင်နေသောနည်းလမ်းသစ်များအားလည်းရှာဖွေကုသပေးနေပါသည်။
“ဘာကြောင့် BNH ဆေးရုံကိုရွေးချယ်သင့်သလဲ”
“တစ်ဦးချင်းစီအလိုက်ဝန်ဆောင်မှုများ
လူနာတစ်ဦးချင်းစီတွင် သီးခြားလိုအပ်သော ကျန်းမာရေးစစ်ဆေးချက်များ နှင့် လိုအပ်သောစစ်ဆေးမှုများ ရှိသည့်အတွက် ကျွန်တော်/ ကျွန်မတို့ရဲ့ BNH ဆေးရုံကြီးရဲ့ ကျွမ်းကျင်ပညာရှင်များဟာ မိမိတို့ရဲ့ အထူးပြုကျွမ်းကျင်မှုများကိုအသုံးပြုကာ လူနာတစ်ဦးတစ်ယောက်ချင်းစီနဲံ ကိုက်ညီမယ့် ကုသစစ််ဆေးမှုအစီအစဥ်များကို ဖန်တီးပေးနိုင်ပါတယ်။
ပြီးပြည့်စုံသော စောင့်ရှောက်မှု
အရည်အသွေးပြည့်မှီသော ကုသမှုဆိုသည်မှာ ကူးပြောင်းကာလတွေမှာ ဖြစ်ပေါ်လာနိုင်တဲ့အမှားအယွင်းတွေကို ရှိနေလျှင်လည်းနည်းအောင်နည်းနေလျှင်လည်းပပျောက်သွားအောင် ပြုလုပ်ဖန်တီးခြင်းဖြစ်တယ်လို့ ကျွန်တော်/ ကျွန်မတို့ဟာ ယုံကြည်တဲ့အတွက် BNH ဆေးရုံကြီးအနေဖြင့် စေ့စပ်သေချာတဲ့ ကျန်းမာရေးဝန်ဆောင်မှုကို အမြဲတစေပေးနိုင်အောင်၊ ရောဂါစစ်ဆေးရှာဖွေဖြင်းမှသည် ကုသမှုအထိ ချောမွေ့တဲ့ကုသမှုဝန်ဆောင်မှုများကို ကျွန်တော်/ကျွန်မတို့ရဲ့ BNH ဆေးရုံကြီးမှ ပေးစွမ်းလျက်ရှိပါတယ်။
မိသားစုဆရာဝန်
ကျွန်တော်/ ကျွန်မတို့ရဲ့ BNH ဆေးရုံကြီးတွင် အထူးကုဆရာဝန်ကြီး/ဆရာဝန်မကြီးများ နှင့် နှစ်ရှည်လများကုသမှုများကြောင့် တစ်ခါတစ်ရံပင်လျှင် တစ်ချို့သော လူနာများအတွက် မိသားစုဆရာဝန်များဖြစ်လာသည်အထိပါ ရင်းနှီးလာသလို လူနာနှင့်လူနာမိသားစုများ၏ ကျန်းမာရေးအခြေအနေများကို သေချာစွာနားလည်ပြီး ထိုမှတဆင့် လိုအပ်သည့်အကောင်းဆုံးသော ကျန်းမာရေးအစီအစဥ်များကိုလည်း လုပ်ဆောင်ပေးလာနိုင်ပါတယ်။
ခရီးသွား လည်ပတ်စရာနေရာများ
လူနာများရဲ့ ဆေးကုသမှုခရီးစဥ်အတွင်း အချို့သောခရီးစဥ်ရက်တွေမှာ ပိုမိုပျော်ရွှင်စေဖို့အတွက် ကမ္ဘာလှည့်ခရီးသွားနေရာတွေကို လည်ပတ်နိုင်ပါတယ်။
ကျွန်တော်/ ကျွန်မတို့ရဲ့ BNH ဆေးရုံကြီးဟာ ဘန်ကောက်မြို့ရှိ စီလုံ (Silom district ) ရှိ လူစည်ကားသော ကွန်ဗင့်လမ်း (Convent Road) ပေါ်တွင်တည်ရှိတဲ့အတွက် ဈေးဝယ်ခြင်း၊ အစားအသောက်နှင့် သယ်ယူပို့ဆောင်ရေးတို့အတွက် အချက်အချာကျပြီး လွယ်ကူစွာသွားလာနိုင်ပါတယ်။
သယ်ယူပို့ဆောင်ရေး
BTS Sala Daeng ဘူတာ : လမ်းလျှောက် ၃ မိနစ်မှ ၅ မိနစ်ခန့်
MRT Silom ဘူတာ : လမ်းလျှောက် ၁၅ မိနစ်ခန့်
သယ်ယူပို့ဆောင်ရေး
Park Silom : လက်လီအရောင်းဆိုင်ခန်းများ ၊ ကော်ဖီဆိုင်များနှင့် စားသောက်ဆိုင်များပါဝင်သည့် အဆောက်အအုံတစ်ခု။
Silom Complex : စားသောက်ဆိုင်များ ၊ ကော်ဖီဆိုင်များနှင့် စူပါမားကတ်တစ်ခု ပါဝင်သော ကုန်တိုက်ကြီးတစ်ခု။
Siam Paragon / Siam Center / Siam Discovery : ဘန်ကောက်၏ အထင်ကရဈေးဝယ်စင်တာကြီးများ။
Central World : စားသောက်ဆိုင်များ ၊ လက်လီဆိုင်ခန်းများ နှင့် ဖျော်ဖြေရေးများပါဝင်သော အဓိက လူနေမှုပုံစံစင်တာကြီးတစ်ခု။
ICONSIAM : စားသောက်ဆိုင်များနှင့် ယဥ်ကျေးမှုဆိုင်ရာ ဆွဲဆောင်မှုများ ပါဝင်သော မြစ်ကမ်းဘေးရှိ ဇိမ်ခံဈေးဝယ်စင်တာကြီးတစ်ခု။
*လမ်းလျှောက်ရန်နှင့်အပန်းဖြရန်နေရာများ
Lumpini Park : ဘန်ကောက်မြို့၏အကြီးဆုံးအများပြည်သူပန်းခြံဖြစ်ပြီး လမ်းလျှောက်ခြင်း သို့မဟုတ် ကိုယ်လက်လှုပ်ရှားမှု အသေးစားလုပ်ရန်အတွက် အကောင်းဆုံးနေရာ
ကမ္ဘာကျော်နာမည်ကြီးကော်ဖီဆိုင်
အဆင့်မြင့် ထိုင်းအစားအစာ စားသောက်ဆိုင်
Sathon နှင့် Silom လမ်းမများပေါ်ရှိ အခြားနာမည်ကြီးစားသောက်ဆိုင်များ ခြေလျှင်လျှောက်အကွာအဝေးအတွင်း ရောက်ရှိနိုင်သော ထိုင်းနှင့်နိုင်ငံတကာ စားသောက်ဆိုင်မျိုးစုံ။
*အသိအမှတ်ပြုလတ်မှတ်များ နှင့်ဆုများ
ကျွန်တော်/ ကျွန်မတို့ရဲ့ BNH ဆေးရုံကြီးဟာ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အရည်အသွေးနှင့် လူနာဘေးကင်းရေးအတွက် ကမ္ဘာလုံးဆိုင်ရာ အသိအမှတ်ပြုစံနှုန်းတစ်ခုဖြစ်သည့် “Joint Commission International ( JCI ) “ မှ အသိအမှတ်ပြုလတ်မှတ်ရရှိထားပါသည်။ ထိုသို့လတ်မှတ်ရရှိထားသည်နှင့်အညီ ကျွန်တော်/ ကျွန်မတို့ရဲ့ဆေးရုံကြီးအနေဖြင့် JCI မှသတ်မှတ်ထားသော လူနာစောင့်ရှောက်မှု၊ ဘေးကင်းရေး၊ ရောဂါပိုးထိန်းချုပ်ရေးနှင့် အဖွဲ့အစည်းဆိုင်ရာများမှ ချမှတ်ထားသော တင်းကျပ်သည့်စံနှုန်းများနှင့်အညီ လူနာနှင့်လူနာများ၏ကျန်းမာရေးဝန်ဆောင်မှုများအတွက် အမြဲတမ်းကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
ใช้กล้องมือถือสแกน QR code




